Invitation for Global Myanmar Spring Revolution Walking Rally (26th Dec)

Announcements Dec 20, 2021

GMSR ဆဌမကြိမ်မြောက် တစ်ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးဆိုင်ရာဆန္ဒပြလမ်းလျှောက်ချ်ီတက်ပွဲ(တိုကျို)📣

🗓 26 December 2021 (Sunday)
⏰ 1:00pm-4:00pm(စုရပ်: 12:30)
🥋 အနက်ရောင် သို့ တိုင်းရင်းသားဝတ်စုံ (If possible) & နှင်းဆီပန်းအနီရောင်
📍 လမ်းလျှောက်ချီတက်စုရပ်နေရာ-Shinjuku Chuo Park
🚉Tocho Mae Station A5 Exit
Shinjuku Station West Exit (walk 10mins)
သပိတ်စစ်ကြောင်းကို Shinjuku Chuo Park ရှေ့မှစတင်ထွက်ခွါပြီး Shinjuku ဘူတာနားရှိ Kashiwagi park တွင် ပြီးဆုံးမှာဖြစ်ပါသည်။

ဒီဇင်ဘာ (၁၀) ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့” ဖြစ်သည့် အတွက်ယခုလာမည့် (၁၀)ရက်နေ့မှစ၍ ပြည်ပရောက် မြန်မာများနှင့်ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများမှ ဒီဇင်ဘာလ တစ်လလုံး ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးသပိတ်ကြီးကိုတစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်ကျင်းပသွားမည်ဖြစ်ပါတယ်။

ယခုလလှုပ်ရှားမှုအနေဖြင့် ပြည်သူများအားအကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို နိုင်ငံတစ်ကာခုံရုံးမှ ၎င်းရဲ့ရာဇဝတ်မှုများကို တရားစီရင်ရန်တောင်းဆိုဆန္ဒပြသွားမှာဖြစ်ပါသည်။

ထို့အတွက်ကြောင့် ဒီမိုကရေစီကိုလိုလားသော
ဂျပန်ရောက်မြန်မာတိုင်းရင်းသားညီအကိုမောင်နှမများ၏ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးချီတက်ဆန္ဒထုတ်ဖော်ပွဲကြီးကိုတိုကျိုမြို့တွင်အောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းအသိပေးကြေငြာအပ်ပါသည်။

နွေဦးတော်လှန်ရေးမှာ အသက်ပေးဆပ်သွားခဲ့ကြသောသူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် All black ဝတ်ဆင်ပြီး နှင်းဆီအနီရောင်များ ပြုလုပ်၍ တစ်ကမ္ဘာလုံးမှ အရေးတော်ပုံအောင်နိုင်ရေးအတွက် အတူတကွဆန္ဒပြတောင်းဆိုသွားကြမည် ဖြစ်ပါသည်။

လက်ရှိ တိုကျိုမြို့အပါအဝင် အခြားမြို့ကြီးများ
တွင် ကိုရိုနာအရေးပေါ်ကြေငြာချက်ရုတ်သိမ်းပြီးဖြစ်သော်လည်း ကိုရိုနာကူးစက်ရောဂါများနောက်ထပ်မပြန့်ပွါးစေရေးအတွက် Alcohol ဖြန်းခြင်းနှင့် Maskတပ်ခြင်းများ၊ Face Shield များတပ်ဆင်ခြင်း၊ မိမိတစ်ကိုယ်စာ Hand Gel များယူလာပေးခြင်းများကို မမေ့မလျော့လုပ်ဆောင်ပေးကြပါရန်နှင် အပူချိန် ၃၇ ဒီဂရီအထက်နှင့် ကိုယ်ခံအားနည်းသူ၊ ရောဂါအခံရှိတဲ့သူများ ပွဲသို့လာရောက်ခြင်းမှ ရှောင်ရှားပေးကြပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။

Tags

Great! You've successfully subscribed.
Great! Next, complete checkout for full access.
Welcome back! You've successfully signed in.
Success! Your account is fully activated, you now have access to all content.