Shibuya(20th March)

Events Mar 21, 2021

{Japanese Version}

本日渋谷駅前で「ミャンマーの現状を知ってもらう街頭活動」を行いました。

ミャンマーの現状のことを書いてあるリーフレットやティッシュ配り、国際社会の方々から応援シールを集めました。

色々な方から「頑張ってくださいね」「ミャンマーのこと応援してます」「我々HongKongからですけど、TwitterでもSNSでもミャンマーのこと応援してますよ」「あきらめないで頑張ってね」など一言応援メッセージいっぱい頂きました。本当にその言葉だけで力になりました。

尚、ある日本人の方からボランティア 皆のためジュースや他の飲み物、食べ物いただきました。本当にありがたいです。

自分ができる場面から国にためなんとかできました。
これからも引き続き国際社会の力を必要としております。
皆様の力を貸していただけると助かります。


မြန်မာမှာ လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ဂျပန်နိုင်ငံက လူတွေ ပိုသတိထားမိအောင် မြို့လယ်ခေါင် လူစည်ကားတဲ့ ဘူတာတွေ မှာ tissue နဲ့ pamphlet ဝေတဲ့ အစီအစဉ်လေးကို သည်းတို့  သူငယ်ချင်းတွေ အတူတူ စုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ် ။ပထမဆုံးအပတ်အနေနဲ့  နာမည်ကျော် Shibuya (ရှိဘုယ) ခွေးရုပ်ရှေ့မှာ   စတင်ဝေဖြစ်ခဲ့ပါတယ် ။

အပတ်စဉ် စနေနေ့တိုင်း လုပ်သွားမှာ ဖြစ်လို့စိတ်ပါဝင်စားသူများ လာရောက် join လို့ရပါတယ်ရှင့် လက်ကမ်းစာစောင်တွေ ဝေနေရင်း ဂျပန်တွေ ဆီကနေ  " ကြိုးစားကြနော် " "အားပေးနေတယ်နော် " ဆိုတဲ့ အသံတွေကြားရတာ တစ်ကယ်ကို အားတက်ရပါတယ် ။အတူတူ ပါဝင်ကူညီပြီး ဝေပေးတဲ့ဂျပန်တွေရှိသလို ကိုယ်တွေ အတွက် သောက်စရာအချိိုရည်နဲ့ စားစရာမုန့်တချို့လဲ လာပေးသွားတဲ့ ဂျပန်တွေလဲ ရှိပါတယ်

Twitter / Instagram တွေမှာလဲ ပြန်တင်ပေးကြပါတယ်

ပြည်ပမှာ နေပြီး လုပ်နိုင်သမျှ အထိ အစွမ်းကုန် ကြိုးစားလုပ်ပါ့မယ်

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း နှမ်းတစ်စေ့ ဖြစ်စေရပါ့မယ်

ပြည်တွင်းမှ ညီအစ်ကို မောင်နှမ များလဲ အားတင်း ထားကြပါနော် အရေးတော်ပုံ အောင်ရမယ်

ကိုယ်တွေ နိုင်တော့မှာ

WhatsHappeningInMyanmar Pamphlets Design ကတော့ KɴᴏᴡᴜsᴍᴏʀᴇMʏᴀɴᴍᴀʀ Page က အကိုများ ဖန်တီးထားတာ ဖြစ်ပါတယ်။
Pocket Tissue Design ကတော့ Art For Freedom မှ ယူသုံးထားပါတယ်။
Artists များအားလုံးကိုလဲ ကျေးဇူးတင် ဂုဏ်ပြုပါတယ်။

Tags

Great! You've successfully subscribed.
Great! Next, complete checkout for full access.
Welcome back! You've successfully signed in.
Success! Your account is fully activated, you now have access to all content.