Shinjuku(27th March)
{Japanese Version}
ミャンマー国内で自分の命までかけて活動しているミャンマー国民のため、日本在住のミャンマー国民たちが本日の13時から16時までに新宿東南口近辺で今のミャンマーをもっと知って欲しいという周知活動を実施しました。
今現在ミャンマーで何が起きているのかの内容を書いてあるリフレットやテッシュ、それからアウンサンスーチー国家顧問の絵が描いてある栞も配布致しました。
日本人の方々も参加してくださり、通りかかった日本人の方々からも"ミャンマー頑張れ"、"応援しているよ"、"軍が最悪の犯罪者だ"など暖かい言葉をたくさんいただきました。
誠にありがとうございます。
我々国民が絶対勝ちます。









{Burmese Version}
အမိမြေမှာ အသက်တွေ ဘဝတွေနဲ့ရင်းပြီး တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းပြည်သူများကို လေးစားဂုဏ်ပြုသောအားဖြင့် ဒုတိယအကြိမ်အဖြစ် ယနေ့ ၂၇ရက် မတ်လ ၂၀၂၁ ရက်နေ့မှာ ရှင်းဂျုကုဘူတာ တိုးနန်းထွက်ပေါက်အနီးမှာ ရင်ဘတ်ချင်းတူသူ သူငယ်ချင်း ၄၀ ကျော်ခန့် စုပေါင်းပြီး လက်ကမ်းစာစောင်၊ တစ်ရှူးနှင့် Bookmark များ ဝေငှခြင်း ပြုလုပ်ခဲ့ပါတယ်။
အမိမြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေကို ဂျပန်ပြည်သူတွေ ပိုမိုအာရုံစိုက်ပြီး သိရှိလာနိုင်စေရန်နှင့် ထောက်ခံပံ့ပိုးမှုများ ပြုလုပ်နိုင်ကြစေရန် ရည်ရွယ်ပြီး ပြုလုပ်တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။
မွန်းလွဲ ၁ နာရီက စတင်တဲ့ လှုပ်ရှားမှုမှာ ဒေသခံ ရဲတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် လာရောက်စောင့်ရှောက်မှုပေးခဲ့ပါတယ်။ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအတွင်း လက်ကမ်းစာစောင်ပေါင်း ၁၅၀၀၊ တစ်ရှူးထုပ် ၂၀၀၀ နဲ့ BookMark ၃၀၀ ခန့်ကို ဂျပန်ပြည်သူတွေ လက်ဝယ်အရောက် ဝေငှပေးနိုင်ခဲ့ပါတယ်။
ဂျပန်လူငယ်လေးတစ်ယောက်ကလည်း အဖွဲ့နဲ့လာရောက်ပူးပေါင်းပြီး ဂျပန်ပြည်သူတွေသိအောင် ကူညီအားဖြည့်သွားပါတယ်။
၂၀၂၁ ခုနှစ် မြန်မာ့နွေဦးတော်လှန်ရေးအတွက် ပြည်ပရောက် မြန်မာလူငယ်တွေအနေနဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးတစ်နေရာကနေ အားလုံး ကြိုးပမ်းခဲ့ကြပါတယ်။ ပူးပေါင်းပါဝင်ကြတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်။
အရေးတော်ပုံအောင်ရမည်။