Anti-regime Awareness Campaign at Shinjuku Station
Myanmar citizens in Tokyo staged their weekly awareness demonstration on Myanmar’s anti-regime movement at Shinjuku Station on Saturday. They called for international intervention.
မြန်မာ့နွေဦးတော်လှန်ရေးအား ဂျပန်ပြည်သူများ ပိုမို သတိပြုမိလာစေရန် အပတ်စဉ် စနေနေ့တိုင်းပြုလုပ်လျက်ရှိသည့် ပြည်သူ့လှုပ်ရှားမှုတရပ်အား ယနေ့ ဧပြီ ၁၀ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ပြုလုပ်ခဲ့သည်။တိုကျိုမြို့ရောက် မြန်မာနိုင်ငံသား ၉၀ ဦး စုပေါင်းကာ လှုပ်ရှားမှု အစိတ်အပိုင်းအဖြစ် လက်ကမ်းစာစောင်၊ တစ်သျှူး၊ bookmark များ ဝေခဲ့ပြီး မြန်မာနိုင်ငံအတွင်း နေ့စဉ်ဖြစ်ပွားလျက်ရှိသော အခြေအနေများနှင့် ဓာတ်ပုံများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ယနေ့အထိ စစ်အာ ဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအတွင်း သေဆုံးခဲ့သည့်အရေ အတွက်၊ ကလေးငယ်များ သေဆုံးနေမှု အပါအဝင် နိုင်ငံတကာမှ မြန်မာ့အရေးကို ဝိုင်းဝန်းအကူအညီပေးကြရေးအတွက်လည်း ဂျပန်ဘာသာဖြင့် တောင်းဆိုခဲ့ကြသည်။ တိုကျိုမြို့ ရှင်းဂျူခုဘူတာတွင် ပြုလုပ်ခဲ့သည့် ယခုလှုပ်ရှားမှုမှာ အပတ်စဉ် စနေနေ့တိုင်းပြုလုပ်လျက်ရှိသည့် စတုတ္ထကြိမ်မြောက် လှုပ်ရှားမှုဖြစ်ပြီး နေ့လယ် ၁ နာရီခွဲမှ ၄ နာရီခွဲအထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖမ်းဆီးခံနိုင်ငံရေးခေါင်းဆောင်များအား ချက်ချင်းလွှတ်ပေးရေးကိုလည်း တောင်းဆိုခဲ့ကြသည်။












Sources from The Irrawaddy - English Edition and The Irrawaddy - Burmese Edition